Showing posts with label English-Myanmar. Show all posts
Showing posts with label English-Myanmar. Show all posts

Friday, September 10, 2010

Tenses ထဲမှာ Simple Present Tense အသုံးပြုပုံ ကို လေ့လာခြင်း

0 comments
Simple Present Tense

The simple present tense can be used under these four conditions:


1. To express a present action:
2. To express a habitual action:
3. To express general truths or facts:
4. To show previously-scheduled actions:


1. To express a present action (မျက်မှောက် ကာလ ပြုလုပ်ချက်ကို သာမန် ဖော်ပြခြင်း)

e.g. 1. I know that girl. She is my friend’s roommate.
ငါ အဲဒီကောင်မလေးကို သိတယ်။ သူ က ငါ့ သူငယ်ချင်း ရဲ့ အခန်းဖော်လေ။

2. Try hard to fulfill your wish.
မင်း ဆုတောင်း ပြည့်ဖို. ကြိုးစားပါ။

3. Stand up, all the students. Read out what you see on the board.
ကျောင်းသားအားလုံး မတ်တပ်ထပါ။ Board ပေါ်တွင် မင်းတို. မြင် တဲ့ အရာတွေကို ဖတ်ပါ။

2. To express a habitual action – it’s typical, usual, and predictable (အလေ.အထဖြစ်နေသော ပြုလုပ်ချက်များကို ဖော်ပြခြင်း - ပုံစံပေါက်သော၊ ထုံးစံဖြစ်သော၊ ကြိုတင်ပောာကိန်းထုတ်နိုင်သော)


e.g 1. Gary is very punctual.
Gary သည် အချိန်မှန်သူဖြစ်သည်။
2. This book is interesting to read.
ဒီစာအုပ်က ဖတ်ချင်လောက်အောင် စိတ်ဝင်စားဖို.ကောင်းတယ်။
3. He smokes.
သူ ဆေးလိပ်သောက်တယ်။
4. They eat in the company cafeteria.
သူတို.တွေ က ကုမ္ပဏီထဲမှာရှိတဲ့ စားသောက်ဆိုင်မှာပဲစားတယ်။

Simple Present Tense ကို အလေ.အထအဖြစ် အသုံးပြုဖော်ပြရာတွင် Adverb of Frequency များကိုထည့်သွင်း အသုံးပြုရတတ်သောကြောင့် အောက်ဖော်ပြပါ ကြိယာဝိသေသန များကို ကျက်မှတ်ထားပါ။

Always = အစဉ်အမြဲ
Usually = လုပ်ရိုးလုပ်စဉ်
Generally = ယေဘုယျအားဖြင့်
Often = Frequently = မကြာခဏ
Sometimes = Occasionally = တစ်ခါတစ်ရံ
Hardly = Rarely = Seldom = ကြာမှတစ်ခါ
Daily = every day = နေ.စဉ်
Weekly = အပတ်စဉ်
Once a month = တစ်လတစ်ခါ
Twice a year = တစ်နှစ် နှစ်ကြိမ်
Every other day = Each alternate day = တစ်ရက်ခြား

e.g. 1. Annie is never on time.
Annie သည် ဘယ်တော့မှ အချိန်မမှန်ပါ။

2. Bob’s parents are generally at home by 5:30 PM.
Bob ၏ မိဘများ သည် များသောအားဖြင့် ညနေ ငါးနာရီခွဲမှအိမ်မှာရှိသည်။

3.Dr. Jones is in her office from 9:00 AM until 4:00 pm five days a week.
ဒေါက်တာ Jones သည် သူမ၏ ရုံးခန်းတွင် မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ တစ်ပတ်လျှင် ငါးရက် ရှိသည်။

4. Ahmed seldom gets up before 9:00 AM.
Ahmed သည် မနက်တွင် ၉နာရီ မတိုင် ခင် အိပ်ရာနိုး ခဲသည်။

5. He frequently calls on his cousins in Pusan.
သူသည် Pusan မြို.ရှိ ဝမ်းကွဲမောင်နှမများသို.မကြာခဏ သွားရောက်လည်ပတ်သည်။

6. They take a break every three hours.
သူတို.သည် သုံးနာရီကြာတိုင်း တစ်ခါနားသည်။

အထက်ပါဝါကျများတွင် သတိပြုရန်မှာ Adverbs of frequency များ သည်

(i) Verb to be ၏ အနောက်တွင် ထားလေ.ရှိပြီး
(ii) အခြားသော ကြိယာများ၏ အရှေ.တွင် ထားရသည်ကို သတိပြုမိပေလိမ်.မည်။

သို.သော် Adverbs of frequency များ သည် phrase ( more than one word) စကားစု ( စကားလုံး တစ်လုံးထက်ပိုခြင်း) များဖြစ်ပါက ဝါကျ၏ အဆုံးတွင်သာ ထားရသည်ကို သတိပြုမိပေမည်။

3. To express general truths and facts (ယေဘုယျဖြစ်သော အမှန်တရားများ နှင့် အချက်အလက်များ ကို ဖော်ပြခြင်း)

1. A nickel equals five cents.
နီကယ်ဒြပ်စင် တစ်ပြားသည် ငါးဆင့်ပြားဝိုင်းတစ်ပြားနှင့် ညီမျှသည်။

2. The bodies of insects have three parts.
အင်းဆက်ပိုးများ၏ ကိုယ်ထည်များသည် အပိုင်းသုံးပိုင်းရှိသည်။

3. Bronze contains both copper and tin.
ကြေးညိုတွင် ကြေးနီ နှင့် သံဖြူဒြပ်စင် တို.ပါဝင်သည်။

4.The chemical symbol for iron is Fe.
သံ၏ ဓာတုဗေဒ သင်္ကေတမှာ Fe ဖြစ်သည်။

5. The earth rotates around the sun.
ကမ္ဘာသည် နေကို ပတ်ပြီ လှည့်လည်သွားသည်။

6. The cow gives us milk.
နွားသည် ကျွန်ုပ်တို.အား နွားနို.ကိုပေးသည်။

4. To show previously-scheduled actions (အရင် တစ်ချိန်က စီစဉ်ချမှတ်ထားသည့် လုပ်ဆောင်ချက် ကိုပြရန်)

1. Jose leaves at 9:30 tomorrow morning.
Jose သည် မနက်ဖြန် မနက် ၉း၃၀ တွင် ထွက်ခွါမည်။ (ကြိုတင်စီစဉ်ထားသည်)

2. Andrea can’t go with us next Tuesday. She has a meeting then.
Andrea သည် လာမည့် အင်္ဂါနေ.တွင် ကျွန်တော်တို.နှင့် မလိုက်နိုင်ပါ။ သူမသည် အဲဒီနေ.မှာ အစည်းအဝေး ရှိသည်။

3. Hurry up! The meeting beings in five minutes!
မြန်မြန်လုပ်! အစည်းအဝေး က ငါးမိနစ် ပြည့်လျှင် စမည်။

အထက်ပါ ဝါကျကို လေ.လာကြည့်လျှင် အနာဂတ်အဓိပ္ပါယ်ကို ရည်ညွန်းသည့် အကြောင်းအရာများပါ သော်လည်း ကြိုတင်စီစဉ်ရေးဆွဲထားသည့် လုပ်ဆောင်ချက်များဖြစ်သော ကြောင့် Simple Present Tense ကို အသုံးပြုနိုင်ပါသည်။

Saturday, July 10, 2010

နေ့စဉ်လေ့လာစရာလက်တွေ့အသုံးချ အင်္ဂလိပ်စာ (အပိုင်း-၁)

0 comments
အင်္ဂလိပ်စာကို နည်းမျိုးစုံ ၊ ထောင့်မျိုးစုံကနေ လေ့လာနေကြသူတွေအတွက် နေ့စဉ် ပြောဆို ရေးသားရာမှာ အထောက်အကူဖြစ်နိုင်စေဖို့ ၊ ကောင်းနိုးရာရာ လေးတွေကို မှတ်စု အနေနဲ့ ပြောပြတာပါ။ မသိသေးတဲ့ ဝေါဟာရ အသစ်တွေသာ မကဘဲ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀ မှာ လက်တွေ့ အသုံးပြုနိုင်ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရှင်းပြပေးပါမယ်။ ပုံမှန်အားဖြင့် ဘာသာစကားတစ်ခု ကို လေ့လာမယ်ဆိုရင် သက်ဆိုင်ရာ ဝေါဟာရ (Vocabulary) တွေကို အထိုက်အလျောက် အဆင့်ဆင့် သိသင့် သလို အဲဒီ ဘာသာစကားရဲ့ ၀ါကျ တည်ဆောက်ပုံတွေ အပြင် အသုံးအနှုန်း (Usage) လေးတွေကိုပါ သိထားသင့်ပါတယ်။

ပထမဆုံးအနေနဲ့ Fussy ဆိုတဲ့ အသုံးလေးကို စတင် မိတ်ဆက်ချင်ပါတယ်။

(၁) Fussy = Difficult to please, not easily satisfied
မြန်မာလို တိုက်ရိုက် ဘာသာပြန်ရင်တော့ ဇီဇာကြောင်သော၊ ကြေးများသော ပေါ့။

ဒီနေရာမှာ အင်္ဂလိပ်စာ လေ့လာသူတွေ အနေနဲ့ အကျိုး ပိုပြီး ရှိစေမယ့် နည်းလေးတစ်ခုကို ပြောချင်ပါသေးတယ်။ ဝေါဟာရ တစ်ခုကို လေ့လာရာမှာ အဲဒီ ဝေါဟာရ တစ်ခုထဲသာမကဘဲ တခြား အဓိပ္ပါယ် တူတဲ့ စကားလုံးတွေကို တတ်နိုင်သမျှ တွဲမှတ်စေချင်တယ်။ အဲဒီ အလေ့အကျင့်ဟာ ဘာကို အထောက်အကူ ပြုစေသလဲဆိုတော့ စာပိုဒ်တွေ ရေးတဲ့အခါမှာ စကားလုံး တစ်မျိုးထဲကို ထပ်ခါ ထပ်ခါ သုံးရတဲ့ ဒုက္ခ ကနေ လွတ်သွားစေတာပဲ။ မိမိ စာကို ဖတ်နေတဲ့ သူကလည်း စကားလုံး တစ်မျိုးထဲကို ဖတ်ရတဲ့အခါ ရသ အနေနဲ့လည်း ပေါ့လျှော့ခံစားရသလို ၊ မိမိကို ဝေါဟာရ ခေါင်းပါးသူလို့ ပြစ်တင်ခံရတာ မျိုးလည်း မဖြစ်တော့ပါဘူး။
အဲဒီထက်မက ပါဘူး။ နောက်ပိုင်း အင်္ဂလိပ်စာကို အဆင့်မြင့် ပိုင်းလေ့လာတဲ့ အခါမျိုး ၊ TOEFL – IELTS – GMAT – SAT – GRE စတဲ့ စာမေးပွဲတွေ ဖြေဖို့ ပြင်ဆင်တဲ့ အခါမျိုးမှာလည်း ဒါတွေဟာ အသုံးဝင်လာပါလိမ့်မယ်။ ( အသေးစိပ်ကိုတော့ အဲဒီ စာမေးပွဲတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးတဲ့အခါမှာ ရှင်းပြပါမယ်။ )
အခု Fussy ဆိုတဲ့ ဝေါဟာရ ကို နောက်ထပ် ပြောလို့ ရတဲ့ စကားလုံးတွေ ကတော့ choosy ၊ finicky ၊ picky ၊ selective ၊ fastidious ၊ particular တို့ ဖြစ်ပါတယ်။ ဒီခြောက်မျိုးထဲလားဆိုတော့ မဟုတ်ပါဘူး။ ရှိပါသေးတယ်။ ဒါပေမယ့် ဒီခြောက်မျိုးလောက်ဆိုရင်ဘဲ တော်တော်လေး လုံလောက်မယ်ထင်ပါတယ်။
အသုံးအနှုန်းလေးကြည့်ရအောင်။

• Tell me what you want to eat before I make dinner because I know you’re a fussy eater.
ဒီဝါကျ ကို သေချာမှတ်ထားမယ်ဆိုရင် တစ်နေ့တာ ပြောစရာထဲက တစ်ခုမှာ သုံးလို့ ရလာပါလိမ့်မယ်။ before I make dinner ဆိုတဲ့ နေရာမှာ ကိုယ်က ဆိုင်တစ်ဆိုင်မှာ ၀ယ်ဖို့ အစားအစာ မှာဖို့ ဆိုရင် before I order the food လို့ ပြောင်းသုံးရုံပါပဲ။ နောက်တစ်ခုက .. I know you’re a fussy eater နေရာမှာ နောက်တစ်မျိုးရေးလို့ ပြောလို့ ရသေးတာက I know how fussy you are. ဆိုပြီးဖြစ်ပါတယ်။ မင်းဘယ်လောက် ကြေးမျာလဲ ငါသိတယ်။ ဆိုပြီး ပြောတာပါ။ အဲဒီမှာ a fussy eater ကိုလည်း ပြောစရာလေးရှိပါသေးတယ်။ ခုနက ပြောခဲ့တဲ့ တခြား စကားလုံးတွေကိုသုံးတာပါ။
A fussy eater အစား picky eater , choosy eater, finicky eater စသည်မျိုးတွေလည်းရေးလို့ရပါတယ်။ အဘိဓာန် (Dictionary) တွေမှာလည်း ဥပမာတွေ အနေနဲ့ တွေ့ရမှာပါ။
(a) The children are such picky eaters.
(b) She is very choosy about what she eats and drinks.
(c) I am very selective about the books I read.
(d) He is terribly finicky about his food. Or He is a finicky eater.
(e) He is very fastidious about how a suitcase should be packed.
(f) All my children were fussy eaters.
(g) He’s so fussy about the house – everything has to be absolutely perfect.
(h) She’s very particular about what she wears.
(i) She’s a very particular person.
စသဖြင့် အမျိုးမျိုး ရေးနိုင်ပြောနိုင်ပါတယ်။

• She’s not very fussy about whom she goes out with, providing he’s well-off.
အခု ၀ါကျ ထဲမှာလည်း လေ့လာသင့်တာတွေ ပါပါတယ်။ ပုံမှန်ဘာသာပြန်ရင်တော့ ချမ်းသာတဲ့သူသာဖြစ်ပါစေ သူမကတော့ ဘယ်သူနဲ့ဘဲ အပြင်သွားရပါစေ သိပ်ရွေးမနေဘူး။ ဆိုပြီးတော့ပဲ ပြောရမှာပေါ့။ well-off ဆိုတာ rich နဲ့ အတူတူပါပဲ။
အခုလောက်ဆို Fussy နဲ့ ပတ်သက်ပြီး တော်တော်လေးတော့ သုံးတတ်သွားမယ်လို့ ထင်ပါတယ်။ ပြောပြခဲ့ပြီးတဲ့ ၀ါကျတွေထဲမှာ အသေးစိပ်ရှင်းပြချင်တာလေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် လိုရင်းမရောက်မှာစိုးလို့ သီးခြားဖော်ပြရှင်းပြပေးပါမယ်။ ဒီ ကဏ္ဍ လေးကတော့ Usage အပိုင်းလေးကို အဓိက ထားတာမို့ အသုံးအနှုန်းနဲ့ ပတ်သက်တာလေးတွေကို ပဲ ဦးစားပေးဖော်ပြချင်ပါတယ်။

ဆက်လက်ရေးသားပါဦးမည်

ဝိုင် (Y)