Saturday, July 10, 2010

နေ့စဉ်လေ့လာစရာလက်တွေ့အသုံးချ အင်္ဂလိပ်စာ (အပိုင်း-၁)

အင်္ဂလိပ်စာကို နည်းမျိုးစုံ ၊ ထောင့်မျိုးစုံကနေ လေ့လာနေကြသူတွေအတွက် နေ့စဉ် ပြောဆို ရေးသားရာမှာ အထောက်အကူဖြစ်နိုင်စေဖို့ ၊ ကောင်းနိုးရာရာ လေးတွေကို မှတ်စု အနေနဲ့ ပြောပြတာပါ။ မသိသေးတဲ့ ဝေါဟာရ အသစ်တွေသာ မကဘဲ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀ မှာ လက်တွေ့ အသုံးပြုနိုင်ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရှင်းပြပေးပါမယ်။ ပုံမှန်အားဖြင့် ဘာသာစကားတစ်ခု ကို လေ့လာမယ်ဆိုရင် သက်ဆိုင်ရာ ဝေါဟာရ (Vocabulary) တွေကို အထိုက်အလျောက် အဆင့်ဆင့် သိသင့် သလို အဲဒီ ဘာသာစကားရဲ့ ၀ါကျ တည်ဆောက်ပုံတွေ အပြင် အသုံးအနှုန်း (Usage) လေးတွေကိုပါ သိထားသင့်ပါတယ်။

ပထမဆုံးအနေနဲ့ Fussy ဆိုတဲ့ အသုံးလေးကို စတင် မိတ်ဆက်ချင်ပါတယ်။

(၁) Fussy = Difficult to please, not easily satisfied
မြန်မာလို တိုက်ရိုက် ဘာသာပြန်ရင်တော့ ဇီဇာကြောင်သော၊ ကြေးများသော ပေါ့။

ဒီနေရာမှာ အင်္ဂလိပ်စာ လေ့လာသူတွေ အနေနဲ့ အကျိုး ပိုပြီး ရှိစေမယ့် နည်းလေးတစ်ခုကို ပြောချင်ပါသေးတယ်။ ဝေါဟာရ တစ်ခုကို လေ့လာရာမှာ အဲဒီ ဝေါဟာရ တစ်ခုထဲသာမကဘဲ တခြား အဓိပ္ပါယ် တူတဲ့ စကားလုံးတွေကို တတ်နိုင်သမျှ တွဲမှတ်စေချင်တယ်။ အဲဒီ အလေ့အကျင့်ဟာ ဘာကို အထောက်အကူ ပြုစေသလဲဆိုတော့ စာပိုဒ်တွေ ရေးတဲ့အခါမှာ စကားလုံး တစ်မျိုးထဲကို ထပ်ခါ ထပ်ခါ သုံးရတဲ့ ဒုက္ခ ကနေ လွတ်သွားစေတာပဲ။ မိမိ စာကို ဖတ်နေတဲ့ သူကလည်း စကားလုံး တစ်မျိုးထဲကို ဖတ်ရတဲ့အခါ ရသ အနေနဲ့လည်း ပေါ့လျှော့ခံစားရသလို ၊ မိမိကို ဝေါဟာရ ခေါင်းပါးသူလို့ ပြစ်တင်ခံရတာ မျိုးလည်း မဖြစ်တော့ပါဘူး။
အဲဒီထက်မက ပါဘူး။ နောက်ပိုင်း အင်္ဂလိပ်စာကို အဆင့်မြင့် ပိုင်းလေ့လာတဲ့ အခါမျိုး ၊ TOEFL – IELTS – GMAT – SAT – GRE စတဲ့ စာမေးပွဲတွေ ဖြေဖို့ ပြင်ဆင်တဲ့ အခါမျိုးမှာလည်း ဒါတွေဟာ အသုံးဝင်လာပါလိမ့်မယ်။ ( အသေးစိပ်ကိုတော့ အဲဒီ စာမေးပွဲတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရေးတဲ့အခါမှာ ရှင်းပြပါမယ်။ )
အခု Fussy ဆိုတဲ့ ဝေါဟာရ ကို နောက်ထပ် ပြောလို့ ရတဲ့ စကားလုံးတွေ ကတော့ choosy ၊ finicky ၊ picky ၊ selective ၊ fastidious ၊ particular တို့ ဖြစ်ပါတယ်။ ဒီခြောက်မျိုးထဲလားဆိုတော့ မဟုတ်ပါဘူး။ ရှိပါသေးတယ်။ ဒါပေမယ့် ဒီခြောက်မျိုးလောက်ဆိုရင်ဘဲ တော်တော်လေး လုံလောက်မယ်ထင်ပါတယ်။
အသုံးအနှုန်းလေးကြည့်ရအောင်။

• Tell me what you want to eat before I make dinner because I know you’re a fussy eater.
ဒီဝါကျ ကို သေချာမှတ်ထားမယ်ဆိုရင် တစ်နေ့တာ ပြောစရာထဲက တစ်ခုမှာ သုံးလို့ ရလာပါလိမ့်မယ်။ before I make dinner ဆိုတဲ့ နေရာမှာ ကိုယ်က ဆိုင်တစ်ဆိုင်မှာ ၀ယ်ဖို့ အစားအစာ မှာဖို့ ဆိုရင် before I order the food လို့ ပြောင်းသုံးရုံပါပဲ။ နောက်တစ်ခုက .. I know you’re a fussy eater နေရာမှာ နောက်တစ်မျိုးရေးလို့ ပြောလို့ ရသေးတာက I know how fussy you are. ဆိုပြီးဖြစ်ပါတယ်။ မင်းဘယ်လောက် ကြေးမျာလဲ ငါသိတယ်။ ဆိုပြီး ပြောတာပါ။ အဲဒီမှာ a fussy eater ကိုလည်း ပြောစရာလေးရှိပါသေးတယ်။ ခုနက ပြောခဲ့တဲ့ တခြား စကားလုံးတွေကိုသုံးတာပါ။
A fussy eater အစား picky eater , choosy eater, finicky eater စသည်မျိုးတွေလည်းရေးလို့ရပါတယ်။ အဘိဓာန် (Dictionary) တွေမှာလည်း ဥပမာတွေ အနေနဲ့ တွေ့ရမှာပါ။
(a) The children are such picky eaters.
(b) She is very choosy about what she eats and drinks.
(c) I am very selective about the books I read.
(d) He is terribly finicky about his food. Or He is a finicky eater.
(e) He is very fastidious about how a suitcase should be packed.
(f) All my children were fussy eaters.
(g) He’s so fussy about the house – everything has to be absolutely perfect.
(h) She’s very particular about what she wears.
(i) She’s a very particular person.
စသဖြင့် အမျိုးမျိုး ရေးနိုင်ပြောနိုင်ပါတယ်။

• She’s not very fussy about whom she goes out with, providing he’s well-off.
အခု ၀ါကျ ထဲမှာလည်း လေ့လာသင့်တာတွေ ပါပါတယ်။ ပုံမှန်ဘာသာပြန်ရင်တော့ ချမ်းသာတဲ့သူသာဖြစ်ပါစေ သူမကတော့ ဘယ်သူနဲ့ဘဲ အပြင်သွားရပါစေ သိပ်ရွေးမနေဘူး။ ဆိုပြီးတော့ပဲ ပြောရမှာပေါ့။ well-off ဆိုတာ rich နဲ့ အတူတူပါပဲ။
အခုလောက်ဆို Fussy နဲ့ ပတ်သက်ပြီး တော်တော်လေးတော့ သုံးတတ်သွားမယ်လို့ ထင်ပါတယ်။ ပြောပြခဲ့ပြီးတဲ့ ၀ါကျတွေထဲမှာ အသေးစိပ်ရှင်းပြချင်တာလေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် လိုရင်းမရောက်မှာစိုးလို့ သီးခြားဖော်ပြရှင်းပြပေးပါမယ်။ ဒီ ကဏ္ဍ လေးကတော့ Usage အပိုင်းလေးကို အဓိက ထားတာမို့ အသုံးအနှုန်းနဲ့ ပတ်သက်တာလေးတွေကို ပဲ ဦးစားပေးဖော်ပြချင်ပါတယ်။

ဆက်လက်ရေးသားပါဦးမည်

ဝိုင် (Y)

0 comments:

Post a Comment